Home
မြန်မာသတင်း
စစ်ကောင်စီတပ်က ပစ်ခတ်သည့် RPG ထိုင်းနိုင်ငံဘက်ကျရောက်ပြီး နေအိမ် ၁ လုံးထိမှန်
DVB
·
December 25, 2021
269743302_10159468535637305_5730623548907605563_n
269639313_10159468535642305_8622899573974522371_n
268810961_10159468535782305_2145302375904138272_n
269429192_10159468535537305_5565502844690557902_n
269695454_10159468535567305_8724452067998372581_n

စစ်ကောင်စီတပ်စခန်းကနေ ပစ်ခတ်လိုက်တဲ့ RPG လက်နက်ကျည်ဆန်တခု  ဒီဇင်ဘာ ၂၅ ရက် မနက်က မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့ မော်လချိုင်းကျေးရွာအတွင်း  ကျရောက်ခဲ့လို့ နေအိမ်တလုံး ထိမှန်ပျက်စီးသွားပါတယ်။

ဒီနေ့ မနက် ၉ နာရီ ၄၅ မိနစ်လောက်က မြဝတီခရိုင်တောင်ဘက် ၂၈ လောက်အကွာ စစ်ကောင်စီတပ်စွဲထားတဲ့ သေ့ဘောဘိုးစခန်းဘက်ကနေ RPG အလုံးကြီးတစ်လုံး ပစ်ခတ်ခဲ့တာလို့ ထိုင်းစစ်တပ်နဲ့ နီးစပ်သူထံက  သိရပါတယ်။

အဆိုပါပစ်ခတ်တဲ့နေရာကို ဖုတ်ဖရမြို့နယ်က ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူနဲ့ နယ်စပ်လုံခြုံရေးယူထားတဲ့ ထိုင်းစစ်တပ်က သွားရောက်စစ်ဆေးရာမှာ မော်လချိုင်းရွာသား တယောက်ရဲ့ အိမ်ခေါင်မိုးနဲ့ အိမ်တွင်းပစ္စည်း အနည်းငယ် ထိခိုက်ပျက်စီးတာ တွေ့ခဲ့ရပါတယ်။ 

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်မှာ စစ်ကောင်စီတပ်တွေ ကျူးကျော်ဝင်ရောက်လာရာကစတင်ပြီး  စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ 

ဒီဇင်ဘာလ ၂၅ ရက်အထိ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က အနည်းဆုံး အယောက် ၄၀‌ လောက်သေဆုံးပြီး ထိုင်းနိုင်ငံဘက်ကိုလည်း လက်နက်ကြီးကျည်ဆန်တွေ  ၁၀ လုံးလောက် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် မြဝတီခရိုင်အတွင်း ကျေးရွာတွေမှာ သောင်းနဲ့ချီတဲ့ပြည်သူတွေ စစ်ဘေးဒုက္ခသည်အဖြစ် ရှောင်တိမ်းနေရတဲ့အပြင် နယ်ခြားသောင်ရင်းမြကို ဖြတ်ကူးပြီး ထိုင်းနိုင်ငံမှာ ထွက်ပြေးခိုလှုံနေသူတွေလည်း ထောင်နဲ့ချီရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024