Home
မြန်မာသတင်း
မြစ်ကြီးနားတွင် ကျောင်းသားသမဂ္ဂလူငယ်များ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ
DVB
·
December 25, 2021
269909750_3014270235567581_8200912415714246203_n
269912014_3014270295567575_3964546732940912629_n

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ  ဒီဇင်ဘာ ၂၅ ရက်‌ ဒီနေ့မနက်ပိုင်းက ကျောင်းသားသမဂ္ဂလူငယ်တွေ ပြောက်ကျားသပိတ်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြတယ်လို့ သပိတ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ မြစ်ကြီးနား အခြေခံပညာကျောင်းသားများသမဂ္ဂ (အကသ) အပါအဝင်  မြစ်ကြီးနားအခြေစိုက် ကျောင်းသားသမဂ္ဂတွေ  ပူးပေါင်းပြီး ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

“ဆောင်းရောက်သော်လည်း မပြီးသေး ငါတို့တော်လှန်ရေး သွေးမအေးကြနဲ့ဟေ့”ဆိုတဲ့ စာသားနဲ့အတူ “၀မ်းမြောက်တဲ့ ခရစ္စမတ်မှာ ကျနော်တို့တွေ မလွတ်မြောက်သေးပါ။ ဒါကိုလွတ်မြောက်တဲ့အထိ ပြည်သူများအားလုံး လက်တွဲညီညီ တော်လှန်တိုက်ထုတ်ကြဖို့  တိုက်တွန်းတယ်” လို့ သပိတ်ခေါင်းဆောင်တယောက်က ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ NON CDM ၀န်ထမ်းတွေ ခရစ္စမတ်ပွဲပြုလုပ်နေကြတဲ့အပေါ် ကချင်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကျောင်းသားသမဂ္ဂလူငယ်တွေက ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024