မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျောင်းရွာကျေးရွာအုပ်စု၊ ရေးချောင်းဖျားဒေသ ကေအန်ယူ ထိန်းချုပ်နယ်မြေရှိ ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်သားတွေဝင်ရောက်လာလို့ ခြံအလုပ်သမားတွေမှာ လုပ်ငန်းခွင်မသွားရဲတော့ပဲ တိုက်ပွဲဖြစ်မှာ စိုးရိမ်စိတ်တွေ မြင့်မားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အခုရက်ပိုင်းတွေမှာ စစ်ကောင်စီတပ်သားတွေ ဥယျာဉ်ခြံသွားတဲ့လမ်းနဲ့ ခြံတွေမှာ မကြာခဏ တွေ့ခဲ့ရသလို ညဘက်လည်း ရာဘာ အစေးခြစ် အလုပ်တွေလည်း မလုပ်ရဲဘူး။ အခုလို လက်နက်ကိုင်တွေကို မြင်ရင် စိတ်က စိုးရိမ်ထိတ်လန့်တယ်”လို့ ဒေသခံ တယောက်က ပြောပါတယ်။
နယ်မြေရှင်းလင်းဖို့ စစ်ကောင်စီတပ်တွေက အခုရက်တွေမှာ ပိုပြီး စစ်ရေးလှုပ်ရှားတာတွေ ပိုလုပ်လာပြီး ဒီဘက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင် ကေအန်ယူရဲ့ လှုပ်ရှားနယ်မြေဖြစ်လို့ အချိန်မရွေး ပစ်ခတ်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ရေး PDF တွေ ခိုအောင်းနိုင်တဲ့ နေရာတွေမှာ နယ်မြေရှင်းလင်းမှု ခြေလှမ်းတွေ စတင်လှုပ်ရှားခဲ့တာကြောင့် ကေအန်ယူ ထိန်းချုပ်နယ်မြေဘက်တွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းထားပါတယ်။