မြောက်ကိုရီးယားဟာ ဇန်နဝါရီ ၅ ရက်က အနောက်ဘက်ကမ်းရိုးတန်းမှာ သူ့ရဲ့ပစ်ခတ်လေ့ကျင့်မှု ဟာ တောင်ပိုင်းစစ်တပ်ရဲ့ အကြီးစား စစ်ရေးလှုပ်ရှားမှုကို သဘာဝကျကျ တုံ့ပြန်မှုသာ ဖြစ်တယ်လို့ ပြောကြားကြောင်း တရားဝင်သတင်းအေဂျင်စီ KCNA က ဖော်ပြပါတယ်။
ကိုရီးယားပြည်သူ့တပ်မတော် (KPA) ရဲ့ စစ်ဦးစီးချုပ်က သူ့ရဲ့ကမ်းရိုးတန်း ကာကွယ်ရေးတပ်ဖွဲ့ တွေဟာ သူတို့စစ်ရေးလေ့ကျင့်မှုရဲ့ တစိတ်တပိုင်းအနေနဲ့ ကျည် ၁၉၂ ချက် ပစ်ခတ်ခဲ့ကြောင်းနဲ့ ဒါဟာ တောင်ကိုရီးယားရဲ့ စစ်တပ်လူဆိုးဂိုဏ်းတွေကို ဆန့်ကျင်တဲ့ သဘာဝအတိုင်း တန်ပြန် အရေးယူမှု ဖြစ်ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ယုံဖြောင်းနဲ့ ဘဲ့ဂ်ညောင်း ကျွန်းတွေမှာ အခြေစိုက်တဲ့ မရိန်းတပ်ဖွဲ့တွေဟာ မြောက်ပိုင်းကန့်သတ်မျဉ်းနယ်စပ် (NLL ) ရဲ့ တောင်ဘက် ပင်လယ်ပြင်မှာ အကြီးစား တုံ့ပြန်စစ်ဆင်ရေးကို သရုပ်ပြ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုမှာ စက်တပ်အမြောက်တွေနဲ့ တင့်ကားတွေလည်း ပါဝင်ခဲ့ပါတယ်။
အငြင်းပွား မြောက်ပိုင်းကန့်သတ်မျဉ်းနယ်စပ် (NLL) အပြန်အလှန် တိုက်ရိုက်ပစ်ခတ်မှုတွေ မလုပ်ခင် အနောက်ဘက် ပင်လယ်ရေကြောင်း နယ်နိမိတ်ရှိ ဝေးလံခေါင်သီတဲ့ တောင်ကိုးရီးယား ကျွန်း ၂ ကျွန်းမှာ နေထိုင်သူတွေကို ဗုံးခိုစခန်းတွေဆီ ရွှေ့ပြောင်းကြဖို့ တောင်ပိုင်း စစ်တပ်က ညွှန်ကြားထားပါတယ်။
Source/Photo - Reuters