Home
မြန်မာသတင်း
ရေစကြိုတွင် မင်္ဂလာပွဲကျင်းပသူများ စစ်ကောင်စီတပ်ကို ကျပ်ငါးသောင်း ဆက်ကြေးပေးရ
DVB
·
December 20, 2021
505466-266721922_2727017200934887_3574440404026757707_n-730x365

မကွေးတိုင်း၊ ရေစကြိုမြို့ နယ်အတွင်း မင်္ဂလာဆောင်ပွဲတွေ ကျင်းပမယ်ဆိုရင် စစ်ကောင်စီတပ်ကို ငွေကျပ် ငါးသောင်း ဆက်ကြေးပေးပြီးမှ ဆောင်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတွေ တပ်စွဲထားတဲ့နေရာတွေမှာ မင်္ဂလာဆောင် ကျေးမွေးဧည့်ခံတဲ့ ထမင်းဟင်း အပါအဝင် ငွေကျပ် ငါးသောင်းပေးပြီးမှ မင်္ဂလာဆောင်ရတယ်လို့ သိရပါတယ်။

“ဟုတ်တယ်၊ သူတို့တွေကို ကြောက်လို့ ချက်တဲ့ ဒံပေါက်တွေရယ် ကြက်သားတွေရယ် သွားပို့ပေးရတယ်။ ပြီးတော့ ငွေငါးသောင်းလည်း တောင်းလို့ ပေးရတယ်။ မင်္ဂလာဆောင်နေတုန်း လာဖျက်ဆီးတာတွေ သေနတ်နဲ့လာပစ်မှာတွေကို ကြောက်တော့ ပေးရတာပဲလေ” လို့ ဒေသခံတဦးက ပြောပါတယ်။

ကျေးရွာဒေသခံတစ်ဦးက “ဟိုဘက်ရွာတွေမှာ ပေးရတယ်လို့တော့ ကြားတယ်။ ကျနော်တို့ ရွာတော့ မပေးရသေးဘူး။ ၃ သိန်းတောင်းမယ်လို့လည်း ကြားနေတာတွေရှိတယ်။ တချို့က ရွာ အုပ်ချုပ်ရေးမှူးကို ပေးရတယ်လို့လည်း ပြောတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁၉ ရက်ညက ရေစကြိုမြို့ အမှတ်(၁) ထင်းတန်းရပ်ကွက်က စစ်ကောင်စီ ထောက်ခံ အားပေးသူ ရှေ့နေတစ်ဦးရဲ့ နေအိမ်  ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပြီး ပျူစောထီး အဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတွေ ဝင်ထွက်သွားလာတောကြောင့် အခုလို ဖောက်ခွဲသတိပေး ခံခဲ့ရတာလို့ ဒေသခံတွေက ဆိုပါတယ်။

“PDF အဖွဲ့အစည်းတစ်ခုက လာဖောက်သွားတာပါ။ ပေါက်ကွဲချိန်ကတော့ ည ၇ နာရီခွဲလောက်က ဖြစ်မယ်ထင်တယ်”  လို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024