မကွေးမြို့နယ် မကြီးကန်ကျေးရွာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၃ နာရီလောက်မှာ MDA- နဂါးအဖွဲ့က ဗုံးခွဲတိုက်ခိုက်ရာ ရုံးထဲမှာရှိတဲ့သူ တစ်ချို့ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
MDA-နဂါးတပ်ဖွဲ့က စစ်ကောင်စီရဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးကို ချိန်ကိုက်ဗုံးတစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ မကွေးတိုင်းဒေသကြီးတပ်တော် MDA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆရာနှင်းမောင်က ပြောပါတယ်။
အဲဒီဖောက်ခွဲမှုပြုလုပ်ပြီးတော့ MDA-နဂါးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေအနေနဲ့ ဘေးအန္တရာယ်ကင်းစွာနဲ့ အောင်အောင်မြင်မြင် ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မကြီးကန် ကျေးရွာသားတစ်ယောက်က “ဗုံးကွဲ သံတော့ကြားလိုက်တယ်။ အကျယ်ကြီးပဲဗျ။ မြေကြီးပါတုန်တယ်။ ကျနော်တို့လည်း အကြမ်းဖက်စစ်အုပ်စုတွေ ခြေချုပ်နေတာနဲ့ သွားမကြည့်ရဲဘူး” လို့ ပြောပါတယ်။
မကြီးကန်ကျေးရွာဟာ မကွေးလေတပ်စခန်းနဲ့ သံချပ်ကာတပ်နားမှာ တည်ရှိသလို ပတ်ပတ်လည် စစ်ကောင်စီတပ်တွေ ဝိုင်းထားတဲ့ ရွာတစ်ရွာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီပေါက်ကွဲမှုဖြစ်စဥ်နဲ့ ပတ်သက်လို့ မကွေးတိုင်းဒေသကြီးတပ်တော် MDA-နဂါးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီး ထိခိုက်ဒဏ်ရာရတဲ့ အခြေနေကို စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးပါဘူ။