မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ရှိ နယ်မြေရဲစခန်းကို ဒီဇင်ဘာလ ၁၉ ရက် ည ၇ နာရီဝန်းကျင်က ဗုံးပစ်ခံခဲ့ရပြီး သေနတ်သံတွေ အဆက်မပြတ်ထွက်ပေါ်လာတယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။
ပလိပ်နယ်မြေရဲစခန်းကို ဗုံးနဲ့လာပစ်တာဖြစ်ပြီး စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားတွေက အဆက်မပြတ် ပြန်လည်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
“ပထမက ဗုံးသံကြားတယ်။ နောက်တော့ သေနတ်သံ ကြားရတယ်။ ထောင်ဖောက်တာလား အပြန်အလှန် ပစ်တာလားတော့ မသိဘူး။ တချို့ကလည်း အပြန်အလှန်ပစ်တယ်ဆိုပြီး ပြောနေတယ်။ ထိခိုက်ဒဏ်ရာရတာတာ့ မကြားမိဘူး။” လို့ ပလိပ်မြို့ခံတစ်ဦး က ဆိုပါတယ်။
ပလိပ်နယ်မြေရဲစခန်းကို ဗုံးနဲ့ ပစ်တာမှာလည်း ထိခိုက်ဒဏ်ရာရတာနဲ့ ပျက်ဆီးဆုံးရှုံးတာမရှိဘူးလို့ သိရပါတယ်။