Home
မြန်မာသတင်း
လယ်ဝေးမြို့မရဲစခန်း ဗုံးပစ်ခံရ၊ ရဲအုပ်အပါအဝင် ၃ ဦး ဒဏ်ရာရ
DVB
·
June 12, 2023
351839028_10159490365802913_8481106179812308744_n

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေမြို့မရဲစခန်း ဒီနေ့ညနေ ၅ နာရီက ပစ်ခတ်ခံရပြီး ရဲအုပ်အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

လယ်ဝေးမြို့နယ် အမှတ် ၄ ရပ်ကွက်ရှိ မြို့မရဲစခန်းကို ဒီနေ့ ညနေ ၅ နာရီက ဆိုင်ကယ်စီးလာသူ အမျိုးသား နှစ်ဦးက ဗုံးနဲ့ပစ်ခတ်ခဲ့ရာ ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

"ဆိုင်ကယ်နဲ့ လာပစ်တာ၊ ရဲတွေလည်း အလစ်ခံလိုက်ရတယ်၊ ဗုံးနဲ့ပေါက်တာ အမှုစစ်နဲ့အဖွဲ့က ပြေးထွက်လာတဲ့အချိန် ထိတာ။"

ဗုံးပေါက်ကွဲမှုကြောင့် လယ်ဝေးမြို့မရဲစခန်းမှ ဒုရဲအုပ် ၁ ဦး၊ ရဲတပ်ကြပ်ကြီး ၁ ဦး၊ ရဲတပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက အတည်ပြုပြောပါတယ်။

"ရဲအုပ်က စိုးရိမ်ရတယ်၊ ကျန်တဲ့နှစ်ယောက်က သိပ်မစိုးရိမ်ရဘူး၊ အခု ခုတင် ၁၀၀၀ ကို ပို့ထားတယ်။" 

ပစ်ခတ်မှုဖြစ်ပြီးနောက် လယ်ဝေးမြို့နယ် လမ်းဆုံ၊ လမ်းခွတွေမှာ စစ်ကောင်စီတပ်၊ ရဲနဲ့ စရဖ အဖွဲ့တွေက စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁ ရက်က နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့ ၅ ရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ ယာဥ်ထိန်းရဲကင်းမှာ ဗုံးပေါက်ပြီး တချို့ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024