Home
သတင်းဓာတ်ပုံ
တောင်ကိုရီးယားနိုင်ငံ ချန်းဝမ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ
DVB
·
December 19, 2021
267510343_936901243598933_5440549267662048893_n
267317225_3157153694570135_259433209330733956_n
266340873_966029163994759_6680636214684010183_n
265932683_1821385098249594_3634236874792944525_n
264519715_308307811140538_1568299332211186738_n
263546878_589519308799418_5392215129108396929_n
263498020_597049324712219_3363825116296939267_n
263434846_228101462776375_4370474071499338866_n

မြန်မာစစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ထွန်းကားရေးအတွက်  တောင်ကိုရီးယားနိုင်ငံ ဂယောင်နမ်ဒေသ၊ ချန်းဝမ်မြို့ရှိ ဘူတာရှေ့မှာ ဒီဇင်ဘာ ၁၉ ရက် နေ့လယ် ၁ နာရီလောက်က မြန်မာနဲ့ ကိုရီးယားတွေ ပူးပေါင်း ဆန္ဒပြခဲ့ကြပါတယ်။ 

၄၂ ကြိမ်မြောက်ကျင်းပတဲ့ ဒီဆန္ဒပြပွဲကို  ဂယောင်နမ် နိုင်ငံခြားသားကူညီရေးစင်တာ၊ ကိုရီးယား-မြန်မာ ပူးပေါင်းလုပ်ဆောင်ရေးအဖွဲ့နဲ့ ချန်းဝမ်မြန်မာအသင်းတို့ ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်ပွဲမှာ မြန်မာ့ဒီမိုကရေစီအရေး အားပေးတဲ့ ကိုရီးယားနဲ့ မြန်မာတေးတွေ သီဆိုကြကာ တပတ်အတွင်း မြန်မာ့သတင်းကို ဦးနေအွန်းက ပြောကြားပြီး ဦးဇော်မိုးအောင်က စစ်အာဏာရှင်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို  ရှုတ်ချပြောဆို ကြပါတယ်။

ကိုရီးယားလူမျိုး မစ္စတာ ယီချောလ်စွန်းက မြန်မာ့အရေးကို ကိုရီးယားအစိုးရနဲ့ ပြည်သူတွေ ဆတက်ထမ်းပိုး ပါဝင်ကြစေဖို့ တိုက်တွန်း ပြောကြားသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024