Home
မြန်မာသတင်း
ရေးချောင်းဖျားဒေသရှိ PDF များကို စစ်ကောင်စီတပ်က တောနင်းရှာမည်
DVB
·
December 11, 2021
266265971_209485788012860_4325514878645698766_n
Yay Kyaung Village

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စု ရေးချောင်းဖျားဒေသ ကေအန်ယူထိန်းချုပ် နယ်မြေမှာ စစ်ကောင်စီတပ်တွေ အခုရက်ပိုင်း PDF တွေကို တောနင်းရှာဖွေမယ်လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက PDF တွေကို တောနင်းရှာဖွေဖို့ရှိတာကြောင့်  ဘယ်သူ့မှ အသွားအလာ မပေးလုပ်ဘူးလို့လည်း ဒေသခံက ပြောပါတယ်။ 

“ခြံတွေမှာလည်း မနေရဲကြဘူး။ ခြံအလုပ်လည်း မလုပ်ရဲကြဘူးဆိုတော့ တချို့  တပိုင်တနိုင် လုပ်သူတွေလည်း ရှိတယ်ဆိုတော့ ဝမ်းစာအတွက် အဆင်မပြေကြဘူး”လို့  ဒေသခံတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်က ကျောင်းရွာရဲကင်းစခန်းနဲ့  ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို PDF တွေ ဝင် ရောက်တိုက်ခိုက်ပြီးနောက် ကျောင်းရွာရဲ့ လုံခြုံရေးကို ပိုမိုတင်းကျပ်လိုက်တာလည်း ဖြစ်ပါတယ်။

ဒေသခံတဦးက  “ဥယျာဉ်ခြံလုပ်ကိုင်ကြသူတွေ ဖြစ်တော့ သွားလာရေးတွေမှာ အခက်ခဲတွေ ရှိကြတယ်။ အဓိကတော့ ရေးချောင်းဖျားဘက်ရွာက လူတွေ စားနပ်ရိက္ခာတွေ ပြတ်လပ်မှာကို လည်း စိုးရိမ်ရတယ်” ဆိုပြန်ပါတယ်။ 

ရေးမြို့နယ် မြို့အဝင်အထွက်အားလုံး လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်တွေက  ဆိုင်ကယ်နဲ့ ကားတွေကို   ယာဉ်လိုင်စင်နဲ့အတူ  စစ်ဆေးခဲ့တဲ့အပြင် ဒဏ်ရိုက်အရေးယူတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024