Home
မြန်မာသတင်း
ဒီပဲယင်းတွင် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီက ရဟတ်ယာဉ်သုံး ပစ်ခတ်
DVB
·
December 7, 2021
264914137_2984238378557732_1695500109516640232_n

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အောင်စည်မြေကျေးရွာအနီးမှာ ဒေသခံပြည်သူ့ကာကွယ်ရေးနဲ့ စစ်ကောင်စီတပ်တွေ ဒီဇင်ဘာ ၇ ရက်နေ့ မနက်ပိုင်း တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က ရဟတ်ယာဉ်သုံး ပစ်ခတ်နေတယ်လို့‌ ဒေသခံတွေက ပြောပါတယ်။

"ဒီမနက် ၇ နာရီလောက်စပြီး  ဒီပဲယင်းမြို့နယ် အနောက်ခြမ်း အောင်စည်မြေကျေးရွာအနီး စစ်ကောင်စီက လက်နက်ကြီး  ပစ်ခတ်နေတယ်။ စစ်တပ်က ရဟတ်ယာဉ်တွေနဲ့သုံးပြီး အပေါ်ကနေ ပစ်ခတ်နေတယ်။ ထိခိုက်တာတွေ မကြားသေးဘူး” လို့  ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ မကြာခဏ လာရောက်ပစ်ခတ်နေတာကြောင့် ဒေသခံတွေလည်း ကျေးရွာအတွင်း ပိတ်မိနေတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို အွန်လိုင်းပေါ် မတင်ဖို့၊ သတင်းမဖြန့်ဖို့၊ စစ်ဘေးရှောင်တွေ ရောက်ရှိလာပါက ညီရင်းမောင်နှမသဖွယ် ကူညီစောင့်ရှောက်ကြဖို့ မေတ္တာရပ်ခံကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အရေးပေါ် ကြေညာချက်ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024