မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့အနားမှာ ဒီဇင်ဘာ ၆ ရက် မနက်က အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၃ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဒီမနက် မြန်မာစံတော်ချိန် ၆ နာရီ၊ ၅၅ မိနစ်၊ ၃၈ စက္ကန့် အချိန်မှာ ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် ၄၀ လောက် ကွာဝေးတဲ့ မြန်မာပြည်တွင်း သပိတ်ကျင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၃၇ မိုင် လောက်အကွာ အနက် ၉ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားတာလို့ဆိုပါတယ်။
ဂျာမန်သုတေသနနဲ့ ဘူမိသိပ္ပံဌာန ( GFZ) ကတော့ ဒီကနေ့မနက် မြန်မာစံတော်ချိန် ၆ နာရီ ၂၅ မိနစ်လောက်က မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့အနီးမှာ ပြင်းအား ရစ်ချ်တာစကေး ၄ ဒသမ ၇ ရှိ မြေငလျင်လှုပ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo- မိုးဇလ