စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ သိမ်ချောင်းလမ်းကွေ့အနီး ရွှေဘိုဘက်အထွက်မှာ ဒီဇင်ဘာ ၄ ရက်နေ့၊ ည ၁၀ နာရီလောက်က စစ်ကောင်စီတပ်ရဲ့ ၁၀ စီးကျော်ပါတဲ့ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
စစ်ကိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီယာဉ်တန်းကို စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကား ၄ စီးပျက်စီးသွားပြီး တပ်သားအများ အပြားဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီကားတွေက မိုးကာအုပ်ထားတဲ့အတွက် ထိခိုက်သေဆုံးမှုအတိအကျမသိရဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
အခုတိုက်ခိုက်မှုကိုစစ်ကိုင်းခရိုင် တပ်ရင်း(၁) ဗိုလ်ယက္ခအဖွဲ့မှ ဗိုလ်ဇာတ်လိုက်ဦးဆောင်တဲ့ တပ်စုက တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ကြေညာထားပါတယ်။
မိုင်းထိမှန်ပျက်စီးခဲ့တဲ့ကား ၄ စီးကို ဒီနေ့မနက်အထိ လာရောက်ယူဆောင်တာ မရှိသေးဘူးလို့ သိရပါတယ်။