စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) တိုင်းရင်းသားရေးရာတာဝန်ခံ ကိုနှင်းအောင်(ခ)ကိုအောင်ဘညိုကို စစ်တပ်က ပစ်သတ်လိုက်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
တော်လှန်ရေးအတွက်ကြိုးပမ်း ဆောင်ရွက်နေတဲ့ ကိုနှင်းအောင်(ခ)ကိုအောင်ဘညိုကို ဒီဇင်ဘာ ၃ ရက် နေ့လယ်ပိုင်းက ကန့်ဘလူမြို့နယ် တင်ကုတ်ကြီးကျေးရွာနားမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက ပစ်သတ်သွားခဲ့တာလို့ သတင်းရင်းမြစ်တခုက ပြောပါတယ်။
အသက် ၂၆ နှစ်ခန့်အရွယ် ကိုနှင်းအောင်(ခ)ကိုအောင်ဘညိုဟာ ခင်ဦးမြို့နယ် မြနန္ဒာရပ်ကွက်မှာနေထိုင်သူဖြစ်ပြီး သူ့ရဲ့ ရုပ်အလောင်းကို ပြန်ရဖို့ မိသားစုတွေက ကြိုးပမ်းနေတယ်လို့ နီးစပ်သူတစ်ဦးဆီက သိရပါတယ်။