မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ လမ်း ၁၂၀၊ လမ်း ၆၀ နဲ့ ၆၁ လမ်းကြား အင်းခရုဘုရားအနီးက ဆက်သွယ်ရေးရုံးဝင်းအတွင်း နိုဝင်ဘာ ၂၉ ရက် မနက် ၈ နာရီဝန်းကျင်က လက်လုပ်ဗုံး ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာရခဲ့ပြီး မစိုးရိမ်စရာမဘူးလို့ သိရပါတယ်။
အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦးက “ဆက်သွယ်ရေးရုံးဝင်းထဲကို ဗုံးနဲ့ လှမ်းပစ်တာ။ အထဲက စစ်သားတွေ ဒဏ်ရာရကြတယ်။ ပြီးတော့ ပစ်ခတ်သံတွေလည်း ကြားလိုက်ရတယ်” လို့ ပြောပါတယ်။
ဗုံးကွဲမှုဖြစ်ပြီး မကြာခင် စစ်ကောင်စီတပ်သားတွေရောက်လာပြီး အနီးပတ်ဝန်းကျင်မှာ ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။