ကချင်ပြည်နယ် ဝိုင်းမော်မြို့ နောင်တာလောကျေးရွာမှာ နိုဝင်ဘာ ၂၇ ညပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားပြီး လူငယ် လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်စီးကားတစ်စီးက အမျိုးသား တစ်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်တစ်စီးကို ဝင်တိုက်မိပြီးနောက် ထပ်ဆင့်တိုက်မိရာမှာ လူငယ် အမျိုးသား လေးဦး သေဆုံးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
"အိမ်စီးကား အမြင့်တစ်စီးက ဆိုင်ကယ်တစ်စီးကို ဝင်တိုက်တယ်။ တိုက်ပြီးမောင်းပြေးတာ ဆိုင်ကယ် နောက်တစ်စီးကို ထပ်တိုက်တယ်။ ကားက အရှိန်မထိန်းနိုင်ဘဲ စာသင်ကျောင်းရှေ့မှာ လမ်းလျှောက်နေတဲ့ လူငယ်နှစ်ယောက်ကို ထပ်တိုက်တယ်။ ၄ ဦးစလုံးသေတယ်။"
ကားနဲ့ဝင်တိုက်တဲ့အတွက် ဆိုင်ကယ်စီးသူနှစ်ဦးဟာ အခင်းဖြစ်ရာနေရာမှာ သေဆုံးခဲ့ပြီး လမ်းလျှောက်နေတဲ့ အမျိုးသားနှစ်ဦးကတော့ ဒဏ်ရာပြင်းထန်ရပြီး ဆေးရုံမှာ သေဆုံးခဲ့တာပါ။
ယာဉ်တိုက်မှုကြောင့် ကိုစည်သူ (အသက် ၂၇ နှစ်)၊ မောင်ခန့်တည်နိုင် (၉ နှစ်)၊ အသက် ၁၇ နှစ်အရွယ် မောင်သိန်းမြင့်နဲ့ မောင်ဖိုးပြား တို့ သေဆုံးခဲ့ပြီး ယာဉ်မောင်းကိုလည်း ရဲက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။