မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြစ်ငယ်ရဲစခန်းက ရဲတပ်သားတယောက်ကို PDF နဲ့ ဆက်သွယ် သတင်းပေးတယ်ဆိုပြီး ဖမ်းဆီးကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
မြစ်ငယ်ရဲစခန်းက အသက် (၂၄) နှစ်အရွယ် ရဲတပ်သားအောင်ရဲကျော်ဟာ စခန်းမှူး ဝင်ထွက်သွားလာမှုတွေကို PDF ထံ Viber ကနေတဆင့် သတင်းပေးတာကြောင့် နိုဝင်ဘာ ၁၉ ရက်နေ့က ဖမ်းခံလိုက်ရတာလို့ စခန်းနဲ့ နီးစပ်သူတွေ က ဆိုပါတယ်။
ဒါ့ကြောင့် ရဲတပ်သားအောင်ရဲကျော်ကို မြစ်ငယ်ရဲစခန်းမှာ (ပ)၁၃၃/၂၀၂၁၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂(က) နဲ့ နိုဝင်ဘာ ၂၇ ရက်နေ့က အမှုဖွင့်ပြီး မန္တလေးတိုင်း အကူတပ်ဖွဲ့ခွဲအချုပ်မှာ ချုပ်ထားတယ်လို့ သိရပါတယ်။