ချင်းပြည်နယ်၊ ထန်တလန်မြို့အနီး အင်အား ရစ်ချ်တာစကေး ၆ ဒသမ ၀ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခု နိုဝင်ဘာ ၂၆ ရက် ဒီကနေ့ မနက်က လှုပ်ခတ်သွား တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် မြန်မာစံတော်ချိန် ၆ နာရီ၊ ၁၅ မိနစ်၊ ၄၂ စက္ကန့် အချိန် ဟားခါးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၀ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ထန်တလန်မြို့ရဲ့ အရှေ့မြောက်ဘက် ၅ မိုင်လောက်အကွာ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၇၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၄၈ ဒီဂရီ၊ အနက် ၄၆ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်လှုပ် သွားတာလို့ ဆိုပါတယ်။
ငလျင်ကို အိန္ဒိယ နယ်စပ်တလျှောက် မဏိပူရ်၊ အာသံနဲ့ မီဇိုရမ် ဒေသတွေကလည်း သိရှိခံစားခဲ့ရပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မရရှိသေးပါဘူး။