စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မိုင်းရှင်းလင်းဖို့လာတဲ့ စစ်ကောင်စီကား ၂ စီးကို နိုဝင်ဘာ ၂၄ ရက် မနက် ၈ နာရီလောက်က မြင်းမူ PDF က ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၃ ရက်၊ ည ၁၀ နာရီလောက်က အရပ်သားကားနဲ့ စစ်ကိုင်းဘက်က ဝင်လာတဲ့ စစ်ကောင်စီကားကို မိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ ကား ထိခိုက်ပျက်စီးခဲ့တယ်လို့ မြင်းမူ PDFကထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနေရာကို ဒီနေ့မနက် ၈ နာရီလောက် လာရောက်တဲ့ စစ်ကားနှစ်စီးကို ထပ်မံမိုင်းဆွဲ တိုက်ခိုက်ရာမှာ ၁ စီးလုံးဝပျက်စီးသွားပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး၊ ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို မြင်းမူ PDF က ဦးဆောင်ပြီး Black Eagle Defence Force (MMU) တို့အတူ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။