ပျံလွှားအောင်စစ်ဆင်ရေးမှာ ဖမ်းမိသွားတဲ့သူတွေအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ရန်ကုန် လှိုင်သာယာမြို့နယ်ရှိ သောင်ကြီးနယ်မြေရဲစခန်းကို နိုဝင်ဘာ ၂၀ ရက် ဒီကနေ့မနက် ၈ နာရီဝန်းကျင်မှာ 40 mm ဗုံးသီးနဲ့ လှိုင်သာယာမြို့ပြ ပြောက်ကျားအဖွဲ့နဲ့ Spring Revolution Flames ( SRF) တို့ပေါင်းပြီး တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကို မဟူရာ စစ်ဆင်ရေးလို့အမည်ပေးပြီး လှိုင်သာယာမြို့နယ် အနော်ရထာလမ်းက သောင်ကြီးရဲစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံရှေ့မှာ စုဝေးနေချိန် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
စစ်ကူရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း အဝေးထိန်းဗုံးနဲ့တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့တွေဆီမှာ ဂျန်ပါတွေပါလာခဲ့တာကြောင့် အဲဒီအစီစဉ်က မအောင်မြင်ခဲ့ဘဲ တပ်ဖွဲ့ဝင်တွေကတော့ အန္တရာယ်ကင်းစွာ ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ အဲဒီအဖွဲ့ပြောခွင့်ရသူက ပြောပါတယ်။
ရန်ကုန်မြို့တွင်း စစ်ကောင်စီ ယန္တရားကို တိုက်ခိုက်မယ့် မဟူရာစစ်ဆင်ရေးကို အခုထက်ပိုမိုအရှိန်မြှင့်သွားမှာဖြစ် တော်လှန်ရေးကာလမှာ လုပ်ကိုင်နေတဲ့သူတွေဖမ်းမိခဲ့ရင်လည်း ကျန်တဲ့ရဲဘော်တွေက ဒီစစ်ဆင်ရေးကိုအောင်မြင်အောင် ဆက်လုပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။