Home
ရင်ဖွင့်စာ/ပေးစာ
အလှူခံဆိုပြီး အဖွဲ့တခု အလှူလိုက်ကောက်နေလို့ ပူတာအိုဒေသခံများ စိုးရိမ်
DVB
·
November 19, 2021
258571919_2988949668099638_6351074811759747237_n

ကချင်ပြည်နယ်အတွင်းက ပူတာအိုမြို့၊ မြို့ပေါ်ရပ်ကွက်တစ်ခုမှာ နို၀င်ဘာ ၁၉ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက် အလှူခံဆိုပြီး အဖွဲ့တခု တအိမ်ဝင်တအိမ်ထွက် အလှူလိုက်ကောက်နေတာကြောင့်  အိမ်ဖောက်ထွင်းမှုတွေ မကြာခဏဖြစ်ပွားနေတဲ့ ပူတာအိုဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဘုရားကျောင်း‌ဆောက်ဖို့အတွက် အလှူခံဆိုပြီး အဖွဲ့တခုက မြို့ပေါ်ရပ်ကွက်တွေမှာ လှည့်လည်နေကြပါတယ်။ ခုလေးတင် ကျမတို့အိမ်ကို၀င်လာတယ်။ အရင်နေ့ကတည်းက လူလိမ်အလှူခံအဖွဲ့တွေ အလှူလိုက်ကောက်တယ်ဆိုတာတော့ ကြားမိထားတယ်။ ဒီနေ့က ကျမတို့အိမ်ကိုလာတော့ လန့်ပြီး အိမ်ရှင်မရှိဘူးလို့ ပြောလိုက်တော့ ပြန်ထွက်သွားတယ်။ သူတို့က ၅ ဦးပါ၊ ဘယ်အဖွဲ့အစည်းကိုယ်စားအလှူခံတာလည်းမပြောဘူး။ ခြံတံခါးဖွင့်ထားတဲ့ အိမ်တိုင်းကို ၀င်နေတာ။

ပူတာအိုမြို့မှာက စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက  အိမ်ဖောက်ထွင်းမှုတွေ မကြာခဏ ကြုံနေရတာ။ အခုလည်း အလှူခံအဖွဲ့က အိမ်တိုင်းဝင်နေတာဆိုတော့ စစ်ထောက်လှမ်းရေးကလည်း ဖြစ်နိုင်တယ်လေ၊ ဒါကြောင့် ဒေသခံတွေက စိုးရိမ်နေကြတာ။

ပူတာအိုဒေသခံတစ်ဦး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013