Home
မြန်မာသတင်း
ပဲခူးမြို့၌ ပေါက်ကွဲမှုများဖြစ်ပြီးနောက် ရန်ကုန်နှင့် ပဲခူးကြား လုံခြုံရေးတင်းကျပ် စစ်ဆေးနေ
DVB
·
November 19, 2021
257694342_3186933544871144_9133441660318832107_n

ပဲခူးမြို့မှာ နိုဝင်ဘာ ၁၉ ရက် ဒီကနေ့မနက်အစောပိုင်းက ပေါက်ကွဲမှုတချို့ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ပဲခူးမြို့နဲ့ ရန်ကုန်မြို့ကြားမှာရှိတဲ့ ဝင်းဘော်ဒက်ဂိတ်မှာ စစ်ကောင်စီတပ်တွေက လုံခြုံရေး စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ်ပြုလုပ်နေတယ်လို့  ခရီးသွားတွေက ပြောပါတယ်။

ဇရပ်ကွင်းလမ်းဆုံနားက ဝင်းဘော်ဒက်စစ်ဆေးရေးဂိတ်မှာ ခရီးသည်တွေကို လမ်းဆင်းလျှောက်ခိုင်းပြီး ကားတွေပေါ်အထိ သေနတ်တွေနဲ့ ထောက်ကာ လိုက်စစ်နေတာလို့ ဒီကနေမနက်ပိုင်းက ပဲခူးကနေ ရန်ကုန်ကိုသွားတဲ့ ခရီးသည်တစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။

ဘာကြောင့်စစ်ဆေးနေလဲ ဆိုတာမသိသလို တစ်ယောက်ချင်းကို လမ်းဆင်းလျှောက်ခိုင်းပြီး အသွားရော အပြန်ရော စစ်ဆေးနေတာလို့ ဆိုပါတယ်။

ဒီကနေ့မနက် ပဲခူးမြို့ ပေါက်ကွဲမှုတွေကြောင့် စစ်ကောင်စီလက်ပါးစေတချို့ ထိခိုက်တာတွေရှိခဲ့တယ်လို့   ပဲခူးမြို့ခံတွေကပြောပါတယ်။ 

အဲဒီပေါက်ကွဲမှုတွေဟာ စစ်ကောင်စီနဲ့ လက်ပါးစေတွေကို ရည်ရွယ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပဲခူးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၅ ဖွဲ့ ပေါင်းထားတဲ့ မဟာမိတ်အဖွဲ့ကလည်း ကြေညာပါတယ်။

ပဲခူးမြို့က ကျောက်တွင်းကုန်းလမ်းဆုံနဲ့ အထက ၇ ကျောင်းရှေ့နားတွေမှာ ဖောက်ခွဲမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ မဟာမိတ်အဖွဲ့က ဆိုပါတယ်။

ပဲခူးမြို့တွင်းမှာလည်း ဒီကနေ့ မနက်ပိုင်းက စစ်ဆေးနေသလို ရွှေမော်ဓောဘုရား တောင်ဘက်မုဒ်မှာလည်း ဆိုင်ကယ်တွေ၊ ကားတွေကို စစ်ဆေးနေတယ်လို့ ပဲခူးမြို့ခံတစ်ဦးက ပြောပါတယ်။ 

ရန်ကုန်မြို့အထွက် Zero မိုင်တိုင်  ဂိတ်တလျှောက်မှာလည်း စစ်ကောင်စီ လက်နက်ကိုင်တပ်တွေက လုံခြံရေးတင်းကျပ် စစ်ဆေးနေတယ်လို့  ကိုယ်တိုင်ကြုံလာတဲ့ ခရီးသွား ယာဉ်မောင်းတယောက်က  ပြောပါတယ်။

“ကားတိုင်းပေါ်က လူတွေအားလုံးဆင်းခိုင်းပြီး တစ်ဦးချင်းစစ်ဆေးနေတယ်။ ကားအတွင်းပိုင်းတွေကိုလည်း စစ်ဆေးတယ်”လို့  မနက် ၁၀ နာရီခွဲလောက်က ကြုံတွေ့ခဲ့ရတဲ့ ခရီးသွားတစ်ယောက်က ပြောပါတယ်

ရန်ကုန်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅၀ လောက်ကို  ဖမ်းဆီးရမိတယ်လို့ မနေ့က စစ်ကောင်စီက ကြေညာခဲ့ပြီး အန်အယ်လ်ဒီ လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်ကိုလည်း ဖမ်းမိသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024