Home
မြန်မာသတင်း
ကျိုက်ထို ကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင်အချို့ ဖမ်းဆီးခံရ
DVB
·
November 18, 2021
257379822_3091193497875057_8048737639527170011_n

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့က  လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌအပါဝင်  အသင်းသား ၅ ဦး ကို စစ်ကောင်စီက  ဖမ်းဆီးသွားပြီး  ၄ ရက် ကြာတဲ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ သိရပါတယ်။

ကျိုက်ထိုမြို့ လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးစိုးသီဟနဲ့ အသင်းဝင် ၄ ဦးတို့ကို  နိုဝင်ဘာ ၁၅ ရက်က စစ်ကောင်စီက ဖမ်းဆီးသွားတာဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးတယ်၊  ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးပါဘူး။

အသင်းနဲ့ နီးစပ်သူတစ်ဦးက “ဒီနေ့ထိ ပြန်မလွတ်သေးဘူး။ ဘာကြောင့်ဖမ်းတယ်လို့ မသိရဘူး” လို့ ပြောပါတယ်။

ကျိုက်ထိုမြို့နယ်အတွင်းက လူငယ် ၇ ဦးထက် မနည်းကိုလည်း  ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်နဲ့ ဆက်သွယ်တယ်ဆိုပြီး နိုဝင်ဘာ ၁၄ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်မှာ  ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီဝင်တွေ သေနတ်နဲ့ ပစ်သတ်ခံရတာတွေရှိနေတဲ့အတွက်  စစ်ကောင်စီတပ်က ရှာဖွေစစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024