Home
မြန်မာသတင်း
တန်ဆောင်မုန်းလပြည့်နေ့ ရွှေတိဂုံဘုရား၌ ဂျာမန်သံရုံးတာဝန်ခံက ဆီမီးထွန်းညှိပူဇော်ဆုတောင်း
DVB
·
November 18, 2021
258406124_4627367530711184_1706085602385638092_n

ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်မှာ ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ မြန်မာနိုင်ငံ ဆိုင်ရာ ဂျာမန်သံရုံးတာဝန်ခံအကြီးအကဲ ယောက်ခ်ရှူးဂရက်ဖ်က ရွှေတိဂုံစေတီမှာ သွားရောက် ဆီမီးထွန်းညှိတဲ့ ပုံတပုံနဲ့အတူ ဆုတောင်းစကားပါး ထားပါတယ်။

“ကပ်ရောဂါဝေဒနာ၊ လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် ထိခိုက်နစ်နာ‌ရသူတွေ အားလုံးအတွက်  ဒီနေ့ ကျနော် ဘုရားမှာ ဆီမီးထွန်းညှိပူဇော်ပေးခဲ့ပါတယ်။ နေ့စဉ် ရက်ဆက် ရုန်းကန်တွန်းလှန်နေကြသူများအတွက် ဆုတောင်းပေးပါတယ်”

ဒါ့အပြင် ဒီနှစ်တန်ဆောင်တိုင်ပွဲတော်က ကံကြမ္မာဆိုးတွေကို မောင်းထုတ်နှိမ်နင်းပေးပြီး မြန်မာနိုင်ငံသားအားလုံး ထူးမြတ်ငြိမ်းချမ်းတဲ့ တန်ဆောင်တိုင်အခါသမယ ဖြစ်ပါစေ ကြောင်းလည်း ဆုတောင်းပေးထားခဲ့တာကို တွေ့ရပါတယ်။

ရွှေတိဂုံစေတီတော်ကို တန်ဆောင်မုန်းလဆန်း ၁၄ ရက် အဖိတ်နေ့နဲ့ လပြည့်နေ့တွေမှာ မနက် ၅ နာရီကနေ  ည ၇ နာရီထိ ဖွင့်လှစ်ထားပေမယ့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က နှစ်စဉ် ကြီးမှူးကျင်းပမြဲဖြစ်တဲ့ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲကိုတော့ အခုနှစ်မှာ ကျင်းပပြု လုပ်နိုင်ခြင်း မရှိပါဘူး။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၉ လခွဲ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ် ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေကို စစ်မျက်နှာဖွင့်ပြီး တိုက်ဖို့အတွက် ပြည် သူတွေအနေနဲ့ မလိုအပ်ဘဲခရီးမသွားကြဖို့ကို NUG အစိုးရကရော ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေကပါ  ထုတ်ပြန်ကြေညာထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013