Home
မြန်မာသတင်း
ဆားလင်းကြီးတွင် ရဲကား ၂ စီးနှင့် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
November 17, 2021
255917915_2874258099463414_6761430290920208534_n

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်မှာ နိုဝင်ဘာ ၁၆ ရက်နေ့က စစ်​ကောင်စီယာဉ်တန်းနဲ့ ရဲကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ 

ဆားလင်းကြီးမြို့နယ် မြန်မာ ဝမ်​ပေါင်၊ မြန်မာ ယန်စီ လုပ်ကွက်အနီး မုံရွာ-ပုသိမ် ကားလမ်း​​ဘေးက ၁၆ ကုတင်ဆန့် တိုက်နယ်​ဆေးရုံအနီး ည ၈ နာရီဝန်းကျင်လောက် တိုက်ခိုက်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီကား​တွေ​ပေါ်မှာ ရဲအရာရှိအပါဝင် ရဲတပ်သားတွေ လိုက်ပါလာပြီး မိုင်းဆွဲတိုက်ခိုက်ခံရမှု​ကြောင့် ဒဏ်ရာရသူ ၂ ​ယောက်အား ဆားလင်းကြီး​ဆေးရုံကို အရေးပေါ်ပို့လိုက်ရပြီး ထိခိုက်ကျဆုံးမှု အ​ရေအတွက် အတိကျ မသိရ​သေးဘူးလို့ ​ဒေသခံ​တစ်ဦးက ​ပြောပါတယ်။ 

အခုလို မိုင်းဆွဲတိုက်ခိုက်မှုကို ညီ​နောင်မဟာမိတ်အဖွဲ့များနဲ့ ရဲ​ဘော်​နောင်​တော်ကြီး ဦး​ဆောင်​တဲ့ ချင်းတွင်းဂဠုန်ဇာရာအဖွဲ့သားများပူး​ပေါင်းကာ ပ​ဒေသာမိုင်းနဲ့ လုပ်​ဆောင်ခဲ့တာလို့ သိရပါတယ်။

နိုဝင်ဘာ ၁၆ ရက်​ ညနေ ၃ နာရီလောက်ကလည်း ဆားလင်းကြီးမြို့နယ် ​ရွှေသမင်​ကျေးရွာ တံတားအနီးမှာ စစ်​ကောင်စီတပ်ယာဥ်တန်းကို ယင်းမာပင် နဲ့ ဆားလင်းကြီး PDF အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ကားတစ်စီးပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရမှုအခြေအနေကိုတော့ မသိရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024