ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး တယောက် နိုဝင်ဘာ ၁၃ ရက် မနက် ၁၁ နာရီခွဲလောက်က စစ်ကောင်စီတပ်စွဲထားတဲ့ မိုးလုံလေလုံအားကစားရုံနဲ့ မနီးမဝေးမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်ခံရသူမှာ ကစင်ကျေးရွာအုပ်ချုပ်ရေးမှူး ကိုထက် ဖြစ်ပြီး တပည့်ဖြစ်သူတွေနဲ့အတူ ရှိနေစဉ် ကနောင်မင်းသားကြီးလမ်းက မော်ဒန်(KTV-2) အနီးမှာ ပစ်ခတ်ခံလိုက်ရတာလို့ဆိုပါတယ်။
အုပ်ချုပ်ရေးမှူး ကိုထက်ကို လှိုင်သာယာမြို့နယ် ဒလန်ရှင်းလင်းရေးအဖွဲ့က သတင်းရလို့ စောင့်ကြို ပစ်ခတ်ခဲ့တာလို့ ဒလန် ရှင်းလင်းရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ အုပ်ချုပ်ရေးမှူးဟာ လက်နက်ကိုင်အစောင့်တပ်တွေထားပြီး ရပ်ကွက်ထဲသွားလာလေ့ရှိကာ ပြည်သူတွေကို ဖိနှိပ်တာ၊ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ခဲ့တာလို့လည်း လှိုင်သာယာမြို့နယ် ဒလန် ရှင်းလင်းရေးအဖွဲ့ က ဆိုပါတယ်။
ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးကို ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပြီး သေနတ် ဒဏ်ရာအခြေအနေကိုတော့ မသိရသေးပါဘူး။