ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်မှာ နိုဝင်ဘာ ၁၂ ရက် မနေ့ညနေပိုင်းက အမျိုးသား တယောက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရ ပါတယ်။
လှိုင်သာယာမြို့နယ်အတွင်း ဒလန်လို့လူသိများတဲ့ ဦးခင်စိန်ကို မနေ့ညနေ ၅နာရီခွဲလောက်က အမည်မသိအဖွဲ့က သေနတ်နဲ့ ၃ ချက် ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
"ညနေ ၅ နာရီခွဲလောက်က ဗိုလ်အောင်ကျော်လမ်းမကြီး အုန်းတောတံတားနားမှာ သူကားနဲ့ထွက်လာတုန်း ပစ်သွားတာ လှိုင်သာယာမှာတော့ စစ်ကောင်စီ သတင်းပေးလို့ နာမည်ထွက်နေတာပဲ။ ထောင်ကထွက်လာတာလဲ မကြာသေးဘူး။ လူမိုက် ခင်စိန်ဆိုပြီး နာမည်နဲ့ နေတာ "လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဦးခင်စိန်ဟာ သေနတ်နဲ့ အပစ်ခံရပြီး ချက်ချင်းမသေဆုံးသေးပဲ သေနတ်နဲ့ ပစ်သွားသူကို ကားနဲ့ လိုက်တိုက်ပြီးမှ ကားရပ်သွားမှ သေဆုံးခဲ့တာဖြစ်ပါတယ်။ သေနတ်နဲ့ပစ်သူကတော့ လွတ်မြောက်သွားတယ်လို့ ဒေသခံကပြောပါတယ်။
ဦးခင်စိန်ဟာ မကြာသေးခင်ကမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူဖြစ်ပြီး နိုဝင်ဘာ ၉ ရက်နေ့က သေနတ်နဲ့ပစ်သတ်ခံရတဲ့ ကမာရွတ်မြို့နယ်က ဒေါ်ပြား ဆိုသူ အမျိုးသမီးရဲ့ တပည့်တစ်ဦးလည်းဖြစ်ပါတယ်။