Home
မြန်မာသတင်း
ကရင်နီဒေသတွင် ခရစ်ယာန်ဘုရားကျောင်း ၇ ကျောင်းကို စစ်ကောင်စီတပ်က ပစ်ခတ်ဖျက်ဆီး
DVB
·
November 12, 2021
239653394_117771444035302_7959310172961327545_n

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့နယ်အပါအဝင် ကရင်နီဒေသမှာ ခရစ်ယာန်ဘုရားကျောင်း ၇ ကျောင်း ပျက်စီးသွားတယ်လို့  တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ပါတယ်။

ဖယ်ခုံဘုရားကျောင်း၊ ကယန်းသာယာဘုရားကျောင်း၊ ဒီးမော့ဆို စိန့်ဂျိုးဇက်ဘုရားကျောင်း၊ ဒေါငံခါးငြိမ်းချမ်းရေး ဘုရင်မဘုရားကျောင်း၊ ဒီးမော့ဆို နှစ်ခြင်းဘုရားကျောင်း၊ ဖရူဆိုဘုရားကျောင်း၊ ၆ မိုင် ဘုရားကျောင်းတို့ကို စစ်ကောင်စီစစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ကယန်းသာယာဘုရားကျောင်းကိုလည်း  စစ်ကောင်စီတပ်က မေလ ၂၄ ရက်နေ့က ပစ်ခတ်ခဲ့ပြီး ဘုရားကျောင်းထဲ ပုန်းခိုနေတဲ့  ပြည်သူ  ၄ ယောက် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

ဖယ်ခုံဘုရားကျောင်းကို လက်နက်ကြီးတွေနဲ့  မေလ ၂၃ ရက်နေ့က တကြိမ်၊ နိုဝင်ဘာ ၉ ရက်နေ့ က တကြိမ်  နှစ်ကြိမ် ပစ်ခတ်ခံရပြီး  ပျက်စီးခဲ့ရပါတယ်။

အလားတူ ဒီးမော့ဆိုမြို့နယ် ၆ မိုင်ဘုရားကျောင်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၇ ရက်နေ့မှာ တကြိမ်၊ အောက်တိုဘာ ၁၅ ရက်နေ့မှာ တကြိမ် ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါ ၆ မိုင်ဘုရားကျောင်းကြီကို ပြီးခဲ့နစ်က သိန်းပေါင်း  ၂၀၀၀ နီးပါးနဲ့ အသစ်တည်ဆောက်ထားတဲ့ဘုရားကျောင်းသစ်ဖြစ်ပြီး ဖွင့်ပွဲကိုမလုပ်ရသေးတဲ့ ဘုရားကျောင်း သစ်ဖြစ်ပါတယ်။

ဒီးမော့ဆို စိန့်ဂျိုးဇက်ဘုရားကျောင်းကိုလည်း မေလ ၂၆ ရက်နေ့က ပစ်ခတ်ခဲ့သလို ဒေါငံခါး ငြိမ်းခမ်းရေးဘုရင်မ ဘုရားကျောင်းကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဇွန်လ ၆ ရက်နေ့က ပစ်ခတ်ဖျက်စီးခဲ့တာလို့ ဆိုပါတယ်။

ဒီးမောဆို နှစ်ခြင်းဘုရားကျောင်းကိုလည်း  ဇွန်လ ၁၅ ရက်နေက ပစ်ခတ်ဖျက်ဆီးခဲ့သလို ဖရူဆိုဘုရားကျောင်းကို အောက်တိုဘာ ၁၃ ရက်နေ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024