Home
နိုင်ငံတကာ
ဆစ်ဒနီဘုရားကျောင်းတွင် ဓားဖြင့်တိုက်ခိုက်မှု ဩစတြေးလျရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေး 
DVB
·
April 16, 2024
Aftermath of a knife attack at the Assyrian Christ The Good Shepherd Church, in Sydney

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က ခရစ်ယာန်ဘုရားကျောင်းမှာ ဖြစ်ခဲ့တဲ့ ဓားနဲ့တိုက်ခိုက်မှုက အကြမ်းဖက်လုပ်ရပ်လို့ ကြေညာအပြီး နောက်နေ့ ဖြစ်တဲ့ ဧပြီ ၁၆ ရက်မှာ ရဲတွေက ဘုရားကျောင်းကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။

အက်ဆီးရီးယန်း ခရစ်စ်သိုးထိန်းကောင်း ဘုရားကျောင်းကို တိုက်ခိုက်မှုအတွင်း ဂိုဏ်းအုပ် ဘုန်းတော်ကြီး မာမရီအီမန်နျူယယ် အပါအဝင် လူလေးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဧပြီ ၁၅ ရက်က တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ဝတ်ပြုပွဲ တခုအတွင်း အမျိုးသားတဦးက ဘုန်းတော်ကြီးကို ဓားနဲ့ ထိုးသတ်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုဟာ ဘာသာရေး အစွန်းရောက်မှုအဖြစ် သံသယဖြစ်စရာ လှုံ့ဆော်မှုတရပ် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒါဟာ ဆစ်ဒနီမှာ ၃ ရက်အတွင်း ဒုတိယမြောက် ဓားထိုးမှုဖြစ်ပြီး ဧပြီ ၁၃ ရက်က ကုန်တိုက်တန်းတခုမှာ ဓားနဲ့ တိုက်ခိုက်မှုကြောင့် လူ ၆ ဦး သေဆုံးခဲ့ပါတယ်။

Source/Photo - REUTERS/Jaimi Joy 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013