
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ အီရတ်ဝန်ကြီးချုပ်နဲ့ အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ တွေ့ဆုံစဉ် သတင်းထောက်တွေကို မှတ်ချက်ပေးရာမှာ ဘယ်လိုတုံ့ပြန်ရမလဲ အသေးစိတ် ရေးထားတဲ့ကတ်ပြားကို တချိန်လုံး ငုံ့ကြည့်ပြီး ပြောခဲ့တာကြောင့် လှောင်ပြောင်ခံနေရပါတယ်။
အဲဒီကတ်ပြားကို သတင်းထောက်တွေက အနီးကပ်ရိုက်ကူးခဲ့ရာမှာ ဘယ်နေရာရောက်ရင် စကားပြန်က ဘာသာပြန်ပြဖို့ခဏရပ်ရမယ်ဆိုတဲ့ စာအဖြတ်အတောက်ပါ အသေးစိတ် ရေးပေးထားတာကို တွေ့ခဲ့ရပါတယ်။
အီရတ်ဝန်ကြီးချုပ်ကတော့ ဘာစာရွက်မှ မကြည့်ဘဲ လက်တန်းပြောသွားတာဖြစ်ပါတယ်။ အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ ဘိုင်ဒင်ဟာ အီရတ်ဝန်ကြီးချုပ် မိုဟာမက် ရှီယားအား အယ်လ်ဆူဒါနီ ဘေးမှာ ထိုင်နေတဲ့ချိန်မှာ တချိန်လုံး ပြောရမယ့် စာကတ်ပြားကို ကြည့်နေခဲ့တာဖြစ်ပါတယ်။
အီရတ်ဝန်ကြီးချုပ်က စကားပြန်ပြောတဲ့အခါမှာလည်း အာရုံမစိုက်ဘဲ သူ့လက်ပတ်နာရီကိုပဲ ကြည့်ကြည့်နေပါတယ်။
အစ္စရေးကို အီရန်က တိုက်ခိုက်တုန်းကလည်း ဘိုင်ဒင်ဟာ ကင်မရာရှေ့မှာရပ်ပြီး အမေရိကန်ရဲ့ သဘောထားကို ကြေညာရမဲ့အစား အမျိုးသားလုံခြုံရေးအဖွဲ့နဲ့ဆွေးနွေးနေတဲ့ပုံနဲ့ ကြေညာချက်ပဲ ထုတ်ပြန်ပေးခဲ့ပါတယ်။
Source/Photo - Reuters