မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက အမျိုးသမီးရဲတပ်ဖွဲ့ဝင် တယောက် ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့အတွက် နိုဝင်ဘာ ၁၀ ရက်နေ့မှာ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ YDF(ဆော၊ကျောက်ထု) တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
နတ်မောက်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ကိုပိုင်အမှတ် လ/၂၆၉၈၂၇ အမျိုးသမီး ရဲတပ်သား မဝေဝေခိုင်ဟာ YDF(ဆော၊ကျောက်ထု)ကနေတဆင့် နိုဝင်ဘာလ ၄ ရက် ည ၆ နာရီလောက်က အာဏာဖီဆန် CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတာလို့ ဆိုပါတယ်။
နောက်နောင်မှာလည်း စစ်လက်နက်ပစ္စည်းအပြည်စုံနဲ့ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ CDM စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ထိုက်တန်တဲ့ဆုကြေးငွေ ပေးအပ်ပြီးတော့ လွတ်မြောက်နယ်မြေ(သို့မဟုတ်) ပြည်ပနိုင်ငံကို ပို့ဆောင်ပေးမယ်လို့ YDF(ဆော၊ကျောက်ထု)က ကြေညာထားပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်က နိုင်ငံတော် အာဏာ မတရာသိမ်းယူပြီးနောက် စစ်ကောင်စီကို အာဏာဖီဆန် CDM လုပ်ခဲ့ကြတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်ပေါင်း ထောင်နဲ့ချီရှိ နေပြီဖြစ်ပါတယ်။