မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ငယ် ဒီနေ့ နိုဝင်ဘာ ၈ ရက် မွန်းလွဲပိုင်းက သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ငယ်မှာ ဆိုင်ကယ်စီးနေစဥ် အမည်မသိ လူတစ်စုက သေနတ်နဲ့ ၃ ချက် ပစ်ခတ်ခဲ့တာကြောင့် ရရှိဒဏ်ရာနဲ့ နေရာတင် သေဆုံးသွားတာလို့ ဆိုပါတယ်။
သေဆုံးသူ ဦးမောင်ငယ်နဲ့ ဦးမျိုးခိုင် ဆိုသူတို့ကို သြဂုတ်လအတွင်းက ကျည်ဆန်နဲ့ စာပို့ သတိပေးခံရဖူးတယ်လို့ ဆိုပါတယ်။
စဥ့်ကူးမြို့နယ် ဟင်္သာမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းလည်း နိုဝင်ဘာ ၇ ရက်က ပစ်သတ်ခံခဲ့ရတယ်လို့ ရွာခံတွေဆီက သိရပါတယ်။