မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် နိုဝင်ဘာ ၇ ရက်က ထနောင်းပင်လှရွာ အနောက်ဘက် ရှိ ရထားလမ်း ဗုံးဖောက်ခွဲမှုကို စစ်ဆေးဖို့လာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၃ ဦး ဒဏ်ရာရရှိတယ်လို့ သိရပါတယ္။
မိုင်းဆွဲတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) က ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ဒေသခံတစ်ဦးကတော့ "မနက်ပိုင်းက ဗုံးပေါက်သံတွေကြားရတယ်၊ အသံအတော်ပြင်းတယ်။ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်၊ အရေအတွက်တော့ မသိဘူး။ အသံက သိတ်ပြင်းတော့ သေဆုံးတာလည်း ရှိနိုင်တယ်။ စစ်ကောင်စီက စစ်ကားနဲ့ရောပြီး အဖြူရောင်အိမ်စီးကားတွေပါ အသုံးပြုလာတာတွေ့ရတယ်” လို့ ပြောပါတယ်။
K.D.D.F ဟာ ဇူလိုင် ၁၀ ရက်နေ့က ကျောက်ဆည်မြို့မရဲစခန်းရှေ့နဲ့ ဇူလိုင် ၁၁ ရက်နေ့က အမြန်လမ်းမကြီးရှိ စစ်ကာင်စီတပ်ဖွဲ့ အသုံးပြုတဲ့ ဗိုလ်တဲတို့ကို ဗုံးခွဲမီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၄ ရက်နေ့က ကျောက်ဆည်မြို့နယ်ရှိ အမှတ် ၃ အဆင့်မြင့် ဆက်သွယ်ရေးတပ် (အဆရ-၃) ရဲ့ ဆက်သွယ်ရေးကြိုးတွေနဲ့ စက်တက်ဘာ ၁၈ ရက်နေ့က မိုင်တဲတာဝါတိုင် ၂ ခုတို့ကို ဗုံးဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။