နိုဝင်ဘာ ၆ ရက် မနေ့ကအထိ ၂ လအတွင်း ရန်ကုန်တိုင်းထဲမှာ ပြည်သူ့တော်လှန်ရေး အင်အားစုတွေက ပစ်မှတ်ပေါင်း ၄၀၀ ကျော်ကို ခုခံတော်လှန်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်သားနဲ့ ရဲ ၁၀၀ ကျော် သေဆုံး ဒဏ်ရာရခဲ့ပါတယ်။
စက်တင်ဘာ ၇ ရက်နေ့ နိုဝင်ဘာ ၆ ရက်အထိစာရင်းတွေကို ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်တာဖြစ်ပြီး နိုင်ငံရေးပစ်မှတ် ၁၇၀၊ စစ်ရေးပစ်မှတ် ၂၃၉ ခုနဲ့ စီးပွားရေးပစ်မှတ် ၃၄ ခုကို တိုက်ခိုက်ခဲ့တာပါ။
ဒီ ခုခံတော်လှန်တိုက်ခိုက်တာကြောင့် စစ်သားနဲ့ရဲ ၃၉ ယောက် သေဆုံးပြီး ၇၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။ စစ်ကောင်စီလက်ပါးစေ ၅၄ ယောက် သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေး အင်အားစုတွေဘက်ကတော့ ၂ ယောက် ကျဆုံးပြီး ၁၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ကို ပြည်သူ့တော်လှန်စစ်စတင်ပြီးနောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းပေးခဲ့တာပါ။
ရန်ကုန်တိုင်းထဲက တော်လှန်ရေးအင်အားစုတွေအနေနဲ့ စက်တင်ဘာလကနေ အောက်တိုဘာ ၂၄ ရက်အထိ စစ်ကောင်စီကို ဗုံးခွဲတိုက်ခိုက်တာ အကြိမ် ၂၅၀ ကျော်လုပ်ခဲ့ပြီး အကြိမ် ၁၀၀ လောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။