ကန်ချနပူရီခရိုင်တွင် တရားမဝင် မြန်မာ ၉၇ ဦး ဖမ်းမိ၊ သီတင်းပတ်တွင်း ၃၀၀ ကျော် ဖမ်းခံရ
DVB
·
November 7, 2021
တရားမဝင် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းကိုဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၉၇ ဦး ဒီနေ့မနက် ၇ နာရီ ကန်ကျနပူရီခရိုင် ဆိုင်ယို့မြို့နယ်မှာ အဖမ်းခံရပါတယ်။
အလားတူ အခုလ ၄ ရက်ကလည်း အဆိုပါခရိုင်မှာပဲ မြန်မာ ၁၀၂ ဦး ဖမ်းမိခဲ့ပါတယ်။ ဒါ့အပြင် ကန်ချနပူရီခရိုင်ထဲမှာလည်း နိုဝင်ဘာ ၁ ရက်က မြန်မာ ၁၂၈ ဦး ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် နိုဝင်ဘာလအစ ပထမပတ်မှာပဲ ဒီဒေသမှာ မြန်မာ ၃၂၇ ဦး ဖမ်းမိခဲ့တာပါ။ အလားတူ မနေ့ကလည်း ကမ်ဖိင်ပက်ခရိုင်မှာ မြန်မာ ၂၃ ဦး တင်လာတဲ့ကား ဖမ်းမိခဲ့ပါသေးတယ်။