Home
မြန်မာသတင်း
ကမာရွတ်တွင် စစ်ကောင်စီက လုံခြုံရေးများတိုးချ၊ CCTV အသစ်များ တပ်ဆင်
DVB
·
November 5, 2021
253538777_394273752482112_6216368146178485601_n

ကမာရွတ်မြို့နယ် နေရာအတော်များများမှာ  အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလဆန်းက စပြီး စစ်ကောင်စီက ရဲစခန်း၊ မီးပွိုင့်၊ လမ်းဆုံလို နေရာတွေမှာ CCTV ကင်မရာ  အသစ်တွေ တပ်ဆင်နေပြီး ပျက်စီးနေတဲ့ကင်မရာတွေကိုလည်း ပြန်လည်ပြုပြင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့လုံခြုံရေးဆိုကာ ကင်းပုန်းနေရာတွေ တိုးမြှင့်ချထားနေပြီး လှည်းတန်းမီးပွိုင့်၊ ပြည်လမ်းဂုံးတံတားအောက်မှာ ဘန်ကာအသစ်တွေကို ဆောက်လုပ်ထားတယ်လို့ ဆိုပါတယ်။ 

မြို့ထဲမှာ စစ်ကောင်စီ ကင်းပုန်းတွေဟာ မျက်ကွယ်ယူ ချုံခို စောင့်ဆိုင်းမှုတွေရှိသလို အရပ်ဝတ်နဲ့ ကင်းသမားတွေလည်း ရှိနေတယ်လို့ မြို့လူထုက ဆိုပါတယ်။

ကမာရွတ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလပိုင်းက ယာဉ်ထိန်းရဲရုံးတွေ ဗုံးဖောက်ခွဲခံရတာ ဖြစ်ပွားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024