ရှစ်လေးလုံးအရေးတော်ပုံမှာ စစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ အာဇာနည်ကျောင်းသူ မဝင်းမော်ဦးရဲ့ ဖခင် ဖြစ်သူ ဦးဝင်းကြူဟာ ဒီကနေ့ နိုဝင်ဘာ ၄ ရက် ညနေ ၄ နာရီ ၅၅ မိနစ်မှာ ကွယ်လွန် သွားပါတယ်။
ဦး၀င်းကြူဟာ နာတာရှည်အဆုတ်ရောဂါခံစားနေရတာဖြစ်ပြီး အောက်စီဂျင်အိုးနဲ့ အ သက်ရှူနေရသူဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း ရန်ကုန်ဆေးရုံကြီးမှာ အရေးပေါ် တက်ရောက် ကုသမှုခံယူခဲ့ရပြီး ခုရက်ပိုင်းမှာတော့ ကျန်းမာရေးအခြေအနေဆိုးဝါးလာတဲ့အကြောင်း မိသားစုဝင်တွေက မျှဝေထားခဲ့ပါတယ်။
လတ်တလောမှာတော့ သူ့ရဲ့ နာရေးသတင်းအပေါ် ပြည်သူတွေက ဝမ်းနည်းစိတ်မ ကောင်းဖြစ်ရကြောင်း အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားမျှဝေ နေကြပါတယ်။
Photo-Winmaw.oo Family