Home
မြန်မာသတင်း
ဒီပါဝလီနေ့အတွက် CRPH ကသဝဏ်လွှာပို့၊ စစ်အာဏာရှင်စနစ်ဆိုး ကျဆုံးပါစေကြောင်း ဆန္ဒပြု
DVB
·
November 4, 2021
248361409_306825088110136_8507289490508459408_n

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဟိန္ဒူဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ဒီပါ၀လီနေ့အတွက် သဝဏ်လွှာပေးပို့လိုက်ရာမှာ ဓမ္မတရားတွေ ထွန်းကားပြီး အဓမ္မဝါဒီ စစ်အာဏာရှင်စနစ်ဆိုး ကျဆုံးပါစေလို့ ဆန္ဒပြုကြောင်း ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၄ ရက် ရက်စွဲနဲ့ သဝဏ်လွှာမှာတော့ ဟိန္ဒူဘာသာ၀င်တွေရဲ့ နေ့ထူးနေ့မြတ် ဖြစ်တဲ့ ဒီပါဝလီ မီးထွန်းပွဲတော်နေ့မှာ “ဒီပ”လို့ အဓိပ္ပါယ်ရတဲ့ ဆီမီးကို ထွန်းညှိပူဇော်ခြင်း နဲ့ အမှောင်ကနေ အလင်းသို့ ထွန်းလင်းစေမယ့် နိမိတ်ကောင်းဖြစ်ပါစေလို့  နှုတ်ခွန်းဆက်သထားပါတယ်။

ဒါ့အပြင် တိုင်းပြည်ကို အမှောင်ခေတ်ဆီ ပြန်လည်ဆွဲခေါ်ခဲ့တဲ့ စစ်အာဏာရှင် စနစ်ဆိုးကို တော်လှန်ကြရာမှာလည်း ဟိန္ဒူဘာသာ၀င် မျိုးနွယ်စုတွေဟာ ကဏ္ဍပေါင်းစုံက ပါဝင်နေ ကြပြီး နွေဦးတော်လှန်ရေးရဲ့ တန်ဖိုးကြီးမားတဲ့ တော်လှန်ရေးအင်အားစုတရပ်အဖြစ် CRPH က မှတ်တမ်းတင် ဖော်ပြထားပါတယ်။

ဟိန္ဒူဘာသာ၀င်တွေဟာ မျိုးနွယ်စုတွေ ဘယ်လိုပဲ ကွဲပြားနေစေကာမူ အဓိပ္ပါယ် အနှစ် သာရအားဖြင့် တူညီတဲ့ ဆီမီးထွန်းညှိပူဇော်တာကို ကွဲပြားမှုမရှိ အတူတကွ ဆင်နွှဲလေ့ရှိ ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ လူမျိုးနဲ့ ကိုးကွယ်ယုံကြည်မှု မတူကွဲပြားမှုရှိပေမယ့် နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်အပြီးတိုင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ဖော် ဆောင်ရေး ဘုံရည်မှန်းချက်ကတော့ တူညီတယ်လို့ CRPH က ပြောပါတယ်။

ဒီပါဝလီပွဲတော်ကာလမှာ ဟိန္ဒူဘာသာဝင်တွေအနေနဲ့ လက်ရှိ မြန်မာနိုင်ငံမှာ အပြစ်မဲ့ပြည်သူ အများအပြား သေဆုံးထားရပြီး စစ်ကောင်စီလက်အောက်က လွတ်မြောက်မှု မရသေးတာကို သတိပြုဆင်ခြင်ပြီး ပျော်ပွဲရွှင်ပွဲတွေနဲ့ ဘာသာရေး အဆုံးအမအရ မသင့်လျော်တဲ့ ဆူညံပျော်ပါး မူးယစ်တာတွေ မပြုလုပ်ကြဖို့နဲ့ မိမိတို့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ရရှိပြီးမှသာ နဂိုမူလအတိုင်း ပွဲတော်ကြီးတွေ ဆင်နွှဲကြဖို့ ပန်ကြားထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024