Home
မြန်မာသတင်း
စစ်တပ်က ပစ်သတ်ခဲ့သည့် ၁၇ နှစ်သားအပါအဝင် ကျဆုံးပြည်သူ ၁၂၃၆ ဦးရှိလာ
DVB
·
November 4, 2021
Burmese-Design-2

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁,၂၃၆ ယောက်ထိ ရှိလာခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ် ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၉၆၆၇ ယောက် ဖမ်းဆီးခံခဲ့ရကာ ၇၀၃၃ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲကအယောက် ၃၀၀ ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ မယ်မသော်ကျေးရွာအနီးမှာ နိုဝင်ဘာ ၂ ရက်နေ့ မနက် ၁၁ နာရီ ၃၀ မိနစ်က အသက် ၁၇ နှစ်အရွယ် ကလေးတယောက်ဟာ စစ်ကားတွေ ဖြတ်သန်းသွားတာကို ထွက်ကြည့်ရာမှ ပစ်သတ်ခံခဲ့ရကြောင်း သိရှိရပါတယ်။ အဆိုပါ က လေးကို စစ်ကားပေါ်မှ ပစ်သတ်သွားခဲ့ခြင်းဖြစ်ပြီး ဦးခေါင်းကို ကျည်ထိမှန်ကာ နေရာတင် ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့မနက် ၄ နာရီခွဲလောက်က တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ နယ်၊ ကဒက်ငယ်ထိန်ကျေးရွာမှ ကိုလုလုဇော်ကို စစ်သားတွေ လာရောက်ဖမ်းဆီးချိန်မှာ မတွေ့တာကြောင့် သူ့ရဲ့ ဇနီးဖြစ်သူ မဂျူလိုင်ဝင်း(ခ)မီးချစ်၊ ၂ နှစ်အရွယ်ကလေးနဲ့ ဦး လေး ဖြစ်သူတို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီ လည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024