ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်ရှိ ပြည်ထောင်စုလမ်းကြီးပေါ်က Myanmar Broadband Telecom(MBT) ရုံးရှေ့မှာ ဒီကနေ့ နိုဝင်ဘာ ၃ ရက်နေ့ ည ၆ နာရီ မိနစ် ၂၀ အချိန်ဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“ပေါက်ကွဲသံက တော်တော်ကျယ်တယ်။ ထိခိုက်ပျက်စီးမှုအခြေအနေကတော့ မသိရသေးဘူး” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဘယ်အဖွဲ့က ဘာကြောင့် ဖောက်ခွဲခဲ့တယ်ဆိုတာ မသိရသေးသေးသလို ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ထိခိုက်ဆုံးရှုံးမှု အခြေအနေကိုလည်း တာဝန်ရှိသူတွေက ထုတ်ပြန်တာ မရှိသေးပါဘူး။
မူဆယ်မြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေ၊ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေ၊ ဒေသခံတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ အဓိက လှုပ်ရှားနေတာ ဖြစ်ပါတယ်။