Home
မြန်မာသတင်း
မကွေးနှင့် တောင်တွင်းကြီးတွင် ဆိုင်ကယ် ၂ ယောက်စီးသူများကို စစ်တပ်က ဖမ်းဆီးရိုက်နှက်နေ
DVB
·
November 3, 2021
251150645_1210103202817021_6293510681037350973_n

မကွေးတိုင်း၊ မကွေးမြို့နဲ့ တောင်တွင်းကြီးမြို့တွေမှာ ဆိုင်ကယ်ဆိုင်ကယ်ကို ၂ ယောက် စီးနင်းလာတဲ့ ဒေသခံပြည်သူတွေကို နိုဝင်ဘာ ၃ ရက်နေ့က အကြမ်းဖက်စစ် ကောင်စီတပ်သားတွေ ဖမ်းဆီးရိုက်နှက်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မကွေးဒေသခံတဦးက “ဆိုင်ကယ်ကို ၂ ယောက်မစီးရဘူးတဲ့လေ။ ညက လော်နဲ့လိုက်အော်တယ်။ စျေးဝယ်တို့၊ ကျန်းမာရေးတို့ ဘယ်လိုလုပ်ကြမလဲ။ ပြည်သူတွေကို စစ်တပ်က အရမ်းဒုက္ခပေးလွန်းနေပြီ” လို့ ပြောပါတယ်။

မကွေးမြို့ကို အနီးအနားကျေးရွာတွေက ဆိုင်ကယ် ၂  ယောက်စီးနင်းပြီး လာရောက်ကြတဲ့ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်နေတာတွေရှိနေတယ်လို့ သိရပါတယ်။

မကွေးမြို့နဲ့ တောင်တွင်းကြီးမြို့တွေမှာ ဆိုင်ကယ်စီးနင်းသူတွေဟာ အမျိုးသားဆို ၁ ဦးတည်း၊ အမျိုးသမီးဆို ၂ ဦးသာ စီးနင်းဖို့ အကြမ်းဖက်စစ်ကောင်စီက ကန့်သတ်လိုက်တာလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

“လျှပ်စစ်ရုံးကို မီတာဆောင်လာတဲ့ ဆိုင်ကယ် ၂ ယောက်စီးလာတဲ့သူတွေကို စစ်သားတွေက ရိုက်နေတယ်။ ကြိုပြီးတော့လည်း ကြေညာမထားဘူး။ မြို့ပေါ်က လမ်းဆုံနေရာတွေမှာ ဖမ်းပြီးရိုက်နေတာဗျာ။ စစ်တပ်က တော်တော်ရမ်းကားနေပါပြီ” လို့ တောင်တွင်းကြီး ဒေသခံတဦးက ပြောပါတယ်။

တောင်တွင်းကြီးမြို့မှာ ပြီးခဲ့တဲ့လကတည်းက စစ်ကောင်စီရဲ့ ဆွေမျိုးတော်စပ်သူ အမျိုးသမီး ၁ ဦးနဲ့ ပြည်ခိုင်ဖြိုးပါတီအမာခံ စစ်ကောင်စီသတင်းပေး ၁ ဦးတို့ သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက အပြစ်မဲ့ဒေသခံပြည်သူတွေကို ဖမ်းဆီးတာအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ်နဲ့အမျှ ပြုလုပ်နေတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024