စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၃ ဦးရဲ့ နေအိမ်တွေကို နိုဝင်ဘာလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ စစ်ကောင်စီက နိုင်ငံပိုင်သိမ်းဆည်း ချိပ်ပိတ်လိုက်တယ်လို့ သိရပါတယ်။
အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ရဲ့နေအိမ်ကို မနေ့က ချိပ်ပိတ်သွားတာ။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ နေအိမ်တွေကိုတော့ ဒီနေ့ညနေပဲ ချိတ်ပိတ်လိုက်ကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီက PDF တွေနဲ့ပတ်သက်ဆက်နွယ်ပြီး ထောက်ပံ့နေတယ်ဆိုပြီး အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ဦးရဲ့ ဂျပန်စကားပြောသင်တန်းကျောင်းနေအိမ်ကို နိုဝင်ဘာ ၁ ရက်နေ့က ချိပ်ပိတ်ခဲ့ပြီး၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေရဲ့ နေအိမ် (အောင်တံခွန်အမျိုးသမီးဆောင်) နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းရဲ့နေအိမ် (အောင်တံခွန်အမျိုးသားဆောင်) တို့ကို နိုဝင်ဘာလ ၂ ရက်နေ့ ညနေပိုင်းမှာ လာရောက်ချိပ်ပိတ်သွားတာဖြစ်ပါတယ်။
ရွှေဘိုခရိုင်အတွင်းမှာ အောက်တိုဘာ ၂၅ ရက်နေ့ကစပြီး ရေဦး၊ ရွှေဘို၊ ဝက်လက်စတဲ့ မြို့နယ်တွေက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပုဂ္ဂလိက ကျောင်းနဲ့ဈေးတိုင်တွေကို စစ်ကောင်စီက နိုင်ငံပိုင်လိုက်လံသိမ်းဆည်းနေတာဖြစ်ပါတယ်။