ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ထဲက ပျူစောထီးအဖွဲ့ဝင် နာမည်ကြီး ဒလန်ညီအစ်ကိုနှစ်ဦးအနက် တစ်ဦး နိုဝင်ဘာ ၁ ရက် ည ၇ နာရီလောက်က ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ခံတဦးက “ရပ်ကွက်ထဲက နာမည်ကြီး ဒလန်ညီနောင်ထဲက အကြီးကောင် ရဲဝင်းထွန်း အသတ်ခံရတာ။ အငယ်ကောင်က ပိုဆိုးတယ်။ အကြီးနဲ့အငယ်က ရုပ်ချင်းလည်း ဆင်တယ်။ အခုအသတ်ခံရတာ ရဲဝင်းထွန်း၊ သေနတ် ၄ ချက်မှန်ပြီး သေသွားတာ" လို့ ပြောပါတယ်။
၁၉ ရပ်ကွက် ချစ်ကြည်ရေးလမ်းနဲ့ ပေါင်းကူးလမ်းထောင့်မှာ ကွမ်းယာရောင်းတဲ့ နာမည်ကြီးဒလန် ပျူစောထိးအဖွဲ့ဝင် ရဲဝင်းထွန်းကို လှိုင်သာယာ ဒလန်ရှင်းလင်းရေးအဖွဲ့က ပစ်သတ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။