စစ်ကိုင်းတိုင်း ရေဦးမြိုက တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးရဲ့ ချိပ်ပိတ်ထားတဲ့ နေအိမ်ကို အောက်တိုဘာ ၃၁ ရက်မနက် ၁ နာရီလောက်က စစ်အင်အား ၃၀ ခန့်လာရောက်ပြီး သော့ဖွင့်ဝင်ကာ ပရိဘောဂပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“သော့ဖွင့်ဝင်ပြီး ဖျက်ဆီးသွားတာ။ တံခါးမကြီးရယ်၊ မှန်ပြတင်းတွေရယ် အတွင်းထဲရှိတဲ့ မှန်ကောင်တာ၊ မှန်ဗီရိုတွေကို ရိုက်ခွဲသွားတာပါ။ အခုတံခါးသော့ပြန်ပိတ်သွားတယ်” လို့ ပြောပါတယ်။
ရေဦးမြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးရဲ့နေအိမ်ကို အောက်တိုဘာ ၂၅ ရက် ညနေပိုင်းက အကြမ်းဖက် PDF နဲ့ပတ်သက်တယ်ဆိုပြီး နိုင်ငံပိုင်သိမ်းဆည်းကြောင်း စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်ချိပ်ပိတ်သွားတာပါ။