မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အောက်တိုဘာ ၃၀ ရက်နေ့ ည ၁၁ နာရီဝန်းကျင်က စစ်ကောင်စီတပ် သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ၂ ဦး သေနတ်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ညဘက် ဆိုင်ကယ်နဲ့ပြန်လာသူ ၃ ဦးကို စစ်ကောင်စီတပ်က ဆိုင်ကယ်ရပ်ခိုင်းတာ မရပ်ပေးတဲ့အတွက် ပစ်ခတ်ခဲ့တာဖြစ်ပြီး ပခုံးနဲ့ ခြေထောက်တို့မှာ ဒဏ်ရာရရှိသွားကြကာ မိုးကုတ်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးရုံတက် ကုသနေရတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “ညကြီး ပစ်တာ၊ ကြောက်စရာကြီး အပြင်လည်း မထွက်ရဲဘူး၊ သေနတ်ပစ်သံက တချက်ချင်း ပစ်တဲ့ ကြားနေကျအသံမျိုး မဟုတ်ဘူး။ ဆက်တိုက်ပစ်တာ ၆ ချက်လောက် ရှိတယ်။ စက်သေနတ်နဲ့ ပစ်တာထင်တယ်” လို့ ပြောပါတယ်။