Home
မြန်မာသတင်း
“စစ်ကောင်စီက စစ်သားတွေကို ဘာကြောင့် နုတ်ထွက်ခွင့် မပေးရဲရတာလဲ”ခေါင်းစဉ်ဖြင့် ဆွေးနွေး ပွဲ တိုက်ရိုက်ထုတ်လွှင့်မည်
DVB
·
October 31, 2021
246529657_202104538730315_6954731005624003463_n

“စစ်ကောင်စီက စစ်သားတွေကို ဘာကြောင့် နုတ်ထွက်ခွင့် မပေးရဲရတာလဲ” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ဒီကနေ့မနက် ၁၀ နာရီမှာ တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

အခုတပတ်ရဲ့ ပြည်သူ့စစ်သားစကားဝိုင်းမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့် စွမ်းအင်ဒုဝန်ကြီး လဖိုင်မော်ထွန်းအောင်နဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မဝေဝေနုတို့ ပါဝင်ဆွေးနွေးသွားကြမှာဖြစ်ပြီး  CDM ဗိုလ်ကြီးညီသုတက Moderator အဖြစ် ပါဝင်သွားမှာ ဖြစ်ပါတယ်။

အပတ်စဉ် တနင်္ဂနွေ စကားဝိုင်း ဆွေးနွေးပွဲတွေအနေနဲ့ People’s Soldiers ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်က တိုက်ရိုက်ထုတ်လွှင့်ပေးနေတာဖြစ်ပြီး မေးခွန်းတွေ မေးမြန်းလိုကြတဲ့ ပြည်သူတွေအနေနဲ့လည်း ဆွေးနွေးမှုမှာ ကြိုတင်မေးမြန်းထားနိုင်မှာ ဖြစ်ပါတယ်။

စစ်ကောင်စီက စစ်သားတွေကို စစ်ဘက်ဥပဒေအကျဉ်းသားတွေအဖြစ် ချုပ်ကိုင်ထားဆဲ ဖြစ်တာမို့ စစ်သားတွေအနေနဲ့ အခုလိုဘဝမှ လွတ်မြောက်ဖို့အတွက် ပြည်သူတွေနဲ့ ပူးပေါင်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ်သားများအဖွဲ့နဲ့ ပြည်သူ့စစ်သားဇနီးများ အဖွဲ့တွေကတော့ မတရားစစ်အာ ဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ကာ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ် မတော်သားတွေနဲ့ မိသားစုဝင်တွေကို ထောက်ပံ့ကူညီပေးနိုင်ဖို့ ဖွဲ့စည်းထားခဲ့တာဖြစ်ပြီး အပတ်စဉ် “ပြည်သူ့စစ်သားစကားဝိုင်း” ကိုလည်း တင်ဆက်နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024