စစ်ကောင်စီ လက်ပါးစေ လက်နက်ကိုင်တွေကို မွန်ပြည်နယ် ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မြို့ပြစစ်ဆင်ရေး အရှိန်အဟုန်မြှင့်တင်ရေးအတွက် CCTV ကင်မရာများ ဖြုတ်ထားပေးဖို့ ရေး PDF က သတိပေးလိုက်ပါတယ်။
ဖောက်ခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ စစ်ကောင်စီရဲ့ traffic control CCTV များသာမက ဒေသခံပြည်သူတွေရဲ့ အဆောက်အအုံတွေက အများပြည်သူသွားလာရာ လမ်းတွေကို ချိန်ထားတဲ့ CCTV တွေကို သတိပြုရှောင်နေရတယ်လို့ ရေး PDF က အောက်တိုဘာ ၂၉ ရက်နေ့ညမှာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဖောက်ခွဲတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်က CCTV တွေကို ကြည့်ရှုစစ်ဆေးပြီး ဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် လမ်းနယ်မြေကို ချိန်ထားတဲ့ CCTV တွေ အမြန်ဆုံး ဖြုတ်ပေးဖို့ ရေး PDF က အသိပေးထားပါတယ်။
အဆိုပါ လမ်းနယ်မြေကို ချိန်ထားတဲ့ CCTV ကြောင့် မြို့ပြပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရပါက အဆိုပါ အိမ်အား စစ်ကောင်စီ သတင်းပေးအဖြစ် သတ်မှတ်ပြီး အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ စစ်တပ်၊ ရဲစခန်း၊ အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေးတွေကို ရေး PDF က ဗုံးခွဲတိုက်ခိုက် ပစ်ခတ်မှုတွေကြောင့် အနည်းဆုံး ၅ ဦးလောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။