ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့၊ ရှမ်းရွာအရှေ့ကျေးရွာရှိ မိုင်တဲလ်တာဝါတိုင် System ပုံးကို ကျောင်းကုန်း ပြောက်ကျားတပ်ဖွဲ့ (KGSTF) ဒီနေ့မနက် ၂ နာရီကျော်က ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့ညကလည်း ကျောင်းကုန်းမြို့နယ် ကျူတောကုန်းရွာရှိ မိုင်တဲလ် System ပုံးအား ဖောက်ခွဲဖျက်ဆီးခံရတယ်လို့ သိရပါတယ်။
ဧရာ၀တီတိုင်းမှာ အကြမ်းဖက်စစ်တပ်ပိုင် မိုင်တဲလ် တာဝါတိုင်တွေကို အောက်တိုဘာလအတွင်းမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက တိုက်ခိုက်မှုတိုးမြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၈ ရက်ညက မြောင်းမြမြို့နှင့်ဝါးခယ်မမြို့ကြားရှိ မဒေါ့ချောင်းကျေးရွာရှိ မိုင်တဲလ် တာဝါတိုင်အား ဝါးခယ်မမြို့ပြပြောက်ကျားအဖွဲ့က ဗုံးခွဲတိုက်ခဲ့တယ်လို့ သိရပါတယ်။