စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ပညာရေးမှူးရုံးကို အောက်တိုဘာ ၂၉ ရက် ဒီနေ့မနက်အစောပိုင်း ၅ နာရီခွဲလောက်က မိုင်းထောင်ဖောက်ခွဲခံရတယ်လို့ ကနီမြို့ခံတွေထံကနေ သိရပါတယ်။
အဆိုပါ မိုင်းထောင်ဖောက်ခွဲမှုကို ကနီမြို့နယ် ပြည်သူကာကွယ်ရေးတပ်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး လူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။
ကနီမြိုနယ် ပြည်သူကာကွယ်ရေးတပ်မတော် ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ဖောက်ခွဲခဲ့တာ ဟုတ်တယ်ဗျ။ ဘာကြောင့် ဒီလိုလုပ်ရတာလဲဆိုရင် ပထမ CDMလုပ်ထားတဲ့ ဝန်ထမ်းတွေကို စိတ်မချမ်းသာအောင် ဖိအားပေးလုပ်ဆောင်တာရယ်။ စစ်ကောင်စီ ခိုင်းစေတာမှန်သမျှ လိုက်လုပ်တာတွေရှိတာကြောင့် ကျနော်တို့အခုလိုလုပ်လိုက်တယ်ပေါ့”လို့ ပြောပါတယ်။
ကနီမြို့နယ် ပညာရေးမှူးရုံးကို အခုလိုမိုင်းထောင်ဖောက်ခွဲခံရတာဟာ အောက်တိုဘာလအတွင်း ၃ကြိမ်အထိရှိခဲပြီး ဖောက်ခွဲမှုကြောင့် အုပ်တံတိုင်းပြိုကျပျက်စီးကာ သွပ်အမိုးတွေ ပေါက်ပြဲတာကလွဲလို့ လူတွေထိခိုက်တာမရှိဘူးလို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။