ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ အောက်တိုဘာ ၂၈ ရက်နေ့ ညက EPC ရုံးဝန်းထဲ ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ရုံးကြီးရပ်၊ ရဲဖြတ်လမ်းမှာရှိတဲ့ ဟင်္သာတ EPC ရုံးထဲမှာ ည ၉ နာရီကျော်လောက်က ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတာမျိုး မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ရုံးထဲ ဗုံးပစ်ထည့်သွားတာလို့ ကြားတယ်။ ခုရက်ထဲ ဧရာဝတီမှာက ဆက်တိုက်ဖြစ်နေတာဆိုတော့ သိပ်မထူးဆန်းပါဘူး။ ကျနော်တို့ကတော့ ကြိုက်တယ်၊ ကိုယ့်မြို့ မျက်နှာမငယ်ရဘူးပေါ့” လို့ ဒေသခံတဦးက ပြောပါတယ်။
ဟင်္သာတခရိုင် EPC ရုံးထဲကို ဗုံးပစ်ထည့်တာဟာ မိမိတို့ရဲ့လက်ချက်ဖြစ်တယ်လို့ ဟင်္သာတမြိုု့နယ် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
“ခုလို ပြောရတာဟာ မဆိုင်တဲ့သူတွေကို လိုက်ဖမ်းနေမှာဆိုးလို့ ပြောတာပါ။ စောက်ကျင့်မကောင်းတဲ့ ကောင်တွေက အပြစ်မဲ့ပစ်သူတွေကို ဖမ်းပြီး ငွေညစ်မှာဆိုးလို့ ကြိုပြောတာ” လို့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးနောက်ပိုင်းမှာ စစ်အုပ်စုလက်နက်ကိုင်တွေက ဒေသခံပြည်သူတွေကို ဆဲဆိုကြိမ်းမောင်း ခြိမ်းခြောက်ကာ ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။